NA Exam ကျင်းပ စစ်ဆေးမည်

November 25, 2019 / Comments Off on NA Exam ကျင်းပ စစ်ဆေးမည်

Uncategorized

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေး သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေး ဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအား အရည်အချင်းကို အသိအမှတ်ပြု ခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။

အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

  • စာမေးပွဲအမျိုးအစား –     Network Associate Examination (NA Exam)

–     Network Professionals Examination (NP Exam)

  • စာမေးပွဲကျင်းပမည့်နေ့ –     ၂ဝ၁၉ ခုနှစ်၊  ဒီဇင်ဘာလ (၂၂) ရက် (တနင်္ဂနွေနေ့)
  • စာမေးပွဲပြုလုပ်မည့်အချိန် –     နံနက် (၉:ဝ၀) နာရီမှ နေ့လယ် (၁၂:ဝ၀) နာရီအထိ
  • နောက်ဆုံးစာရင်းပေးရမည့်နေ့ –     ၂ဝ၁၉   ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက် (တနင်္ဂနွေနေ့)
  • စာမေးပွဲကြေး –     ၂၀,၀၀၀ ကျပ် (NA Exam)

–     ၃၀,၀၀၀ ကျပ် (NP Exam)

(MCPA အသင်းဝင်များသည် ၅ဝ% Discount ရရှိပါမည်။)

  • စာမေးပွဲကျင်းပမည့်နေရာ –     Room 205, MICT Park, Hlaing Campus, Yangon

 

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park  လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆ / ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။