အသင်းဝင်လိုသူများအတွက်စည်းကမ်းချက်များ

Student Member ဝင်ခွင့်ရသူများ

(ဝင်ကြေး – ,၅၀၀၀ကျပ်၊နှစ်စဉ်ကြေး – ၅,၀၀၀ကျပ်)

၁။    ကွန်ပျူတာတက္ကသိုလ်၊နည်းပညာတက္ကသိုလ် (ပထမနှစ်၊ဒုတိယနှစ်) တက်ရောက်နေသည့်ကျောင်းသား/ သူများ။

၂။    မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအသိအမှတ်ပြုသည့်ကေျာင်း၊အဖွဲ့အစည်းမှဖွင့်လှစ်သော IT Diploma သင်တန်း၊ International IT Diploma သင်တန်းတက်ရောက်ဆဲကျောင်းသား/သူများ။

၃။    MCPA မှအသိအမှတ်ပြုထားသည့်သင်တန်းများတွင် IT Professional Certification Course ကိုအနည်းဆုံးနာရီ(၁၂၀) တက်ရောက်ပြီးသူများ။

 

Associate Member ဝင်ခွင့်ရသူများ

(ဝင်ကြေး – ၂၀,၀၀၀ကျပ်၊နှစ်စဉ်ကြေး – ၇,၀၀၀ကျပ်)

ကွန်ပျူတာပညာဖြင့်အသက်မွေး၀မ်းကြောင်းပြုနေသူဖြစ်ပြီးအောက်ပါအရည်အချင်းများအနက်တစ်ခုခုနှင့်ကိုက်ညီလျှင်အသင်းသားရေးရာကော်မတီကလက်ခံစစ်ဆေးပြီးခွင့်ပြုခြင်း/ ငြင်းပယ်ခြင်းပြုလုပ်နိုင်သည်။

၁။    International Advanced Diploma (2) Years လက်မှတ်ရရှိထားသူများ။

၂။    International Professional Certification from Vendors (eg. MCSA, MCSD, ……..) လက်မှတ်ရရှိသူများ။

၃။    မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအသိအမှတ်ပြုသည့်ကေျာင်း၊အဖွဲ့အစည်းမှဖွင့်လှစ်သော IT Diploma အောင်မြင်ပြီးသူများ၊ MCPA မှစစ်ဆေးသော MCPA Exam ကိုအောင်မြင်ပြီးသူများ။

၄။ ကွန်ပျူတာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊စက်မှုတက္ကသိုလ်တို့တွင်တတိယနှစ်နှင့်အထက်တက်ရောက်နေသည့်ကျောင်းသား/ သူများ။

၅။    ကွန်ပျူတာပညာရှင်အဖြစ်အနည်းဆုံး (၂) နှစ်လုပ်ကိုင်ခဲ့ကြောင်းကုမ္ပဏီ (သို့မဟုတ်) AM အသင်းသား (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ဆောင်ရွက်ပေးခဲ့/ ပေးလျက်ရှိသောအဖွဲ့အစည်းတစ်ခုခုမှထောက်ခံစာပါရှိရမည်။

 

 

Professional Member ဝင်ခွင့်ရသူများ

(ဝင်ကြေး – ၅၀,၀၀၀ကျပ်၊နှစ်စဉ်ကြေး – ၁၀,၀၀၀ကျပ်)

ကွန်ပျူတာပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီးအောက်ပါအရည်အချင်းများအနက်တစ်ခုခုနှင့်ကိုက်ညီလျှင်အသင်းသားရေးရာကော်မတီကလက်ခံစစ်ဆေးပြီးခွင့်ပြုခြင်း/ ငြင်းပယ်ခြင်းပြုလုပ်နိုင်သည်။

၁။         AM သက်တမ်း (၂) နှစ်ကြာမြင့်ပြီးကွန်ပျူတာပညာရှင်အဖြစ်ဆက်လက်လုပ်ကိုင်နေသူများ။

၂။         ကွန်ပျူတာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊စက်မှုတက္ကသိုလ်တို့မှဘွဲ့ရရှိပြီးလုပ်သက် (၂) နှစ်ကေျာ်ရှိသူများ။

၃။         ကွန်ပျူတာပညာရှင်အဖြစ်အနည်းဆုံး (၂) နှစ်လုပ်ကိုင်ခဲ့ကြောင်းကုမ္ပဏီ (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ဆောင်ရွက်ပေးခဲ့/ ပေးလျက်ရှိသောအဖွဲ့အစည်းတစ်ခုခုမှထောက်ခံစာပါရှိရမည်။

၄။ အသင်းအလုပ်အမှုဆောင်အစည်းအဝေးမှဆုံးဖြတ်ချက်ဖြင့်အသင်းအတွက်ကူညီပံ့ပိုးနိုင်သောအရည်အချင်းရှိသူများ။

 

Fellow Member ဝင်ခွင့်ရသူများ

(အဆင့်မြှင့်ကြေး– ၂၀၀,၀၀၀ကျပ်၊နှစ်စဉ်ကြေး – မရှိ)

အောက်ဖော်ပြပါပုဂ္ဂိုလ်များသည်အသင်းသို့အဆိုပြုလျှောက်ထားနိုင်ပြီးအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှဆုံးဖြတ်မည်။

၁။         PM ဖြစ်ပြီး MCPA အသင်းတွင်အလုပ်အမှုဆောင်သက်တမ်းပြည့် (၁)ကြိမ်တာဝန်ထမ်းဆောင်ပြီးသူများ။

၂။         တက္ကသိုလ်၊ကောလိပ်များမှ IT ကွန်ပျူတာဌာနတစ်ခုခု၏တွဲဖက်ပါမောက္ခရာထူးနှင့်အထက်တာဝန်ထမ်းဆောင်ခဲ့သူ/ တာဝန်ထမ်းဆောင်နေသူများ။

၃။         PM သက်တမ်း (၁၀) နှစ်ပြည့်ပြီးသူများ။

 

Honorary Member ဝင်ခွင့်ရသူများ

(ဝင်ကြေး – မရှိ)

၁။ မြန်မာနိုင်ငံအတွင်းကွန်ပျူတာပညာနှင့်အသုံးချမှုဖွံ့ဖြိုးပြန့်ပွားရေးအတွက်ထူးခြားစွာကူညီထောက်ပံ့သူ/ ပံ့ပိုးပေးသူ။ (အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ပေးအပ်ရန်။)