ITPEC စာမေးပွဲများ ကျင်းပပြုလုပ်

October 23, 2022 / Comments Off on ITPEC စာမေးပွဲများ ကျင်းပပြုလုပ်

Uncategorized

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပ လျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် ဘားအံတို့တွင် ယနေ့ (၂၃-၁၀-၂၀၂၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် (၄၂၄) ဦး၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် (340) ဦးနှင့် Applied Information Technology Engineer Examination (AP) စာမေးပွဲတွင် (၈) ဦး စုစုပေါင်း (၇၇၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။