စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းသစ်ဖွင့်လှစ်ခြင်း

July 10, 2018 / Comments Off on စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းသစ်ဖွင့်လှစ်ခြင်း

News Uncategorized

စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ တနင်္လာနေ့ နံနက် (၈:၀၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အခန်း A-3 ၊ တိုက်အမှတ် ၇၊ အောင်ဇေယျလမ်း၊ နန္ဒဝန်အိမ်ယာရှိ အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း ဥက္ကဋ္ဌဒေါ်နိုင်နိုင်မော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အမှာစကား ပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်နိုင်နိုင်မော်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ကြပါသည်။

ရုံးခန်းဖွင့်ပွဲ အခမ်းအနားသို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကွန်ပျူတာ တက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ်၊ ပညာရေးကောလိပ်ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးထွန်းခိုင်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးဇော်ဝင်းထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်နိုင်နိုင်မော်၊ မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါ်ဌေးယဉ်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြတ်မင်းသိန်း နှင့် အလုပ်အမှုဆောင် များ တက်ရောက်ခဲ့ကြပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့သော အထူး ဧည့်သည်တော် များအား ဂုဏ်ပြု လက်ဆောင်နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရုံးခန်း ဖွင့်ပွဲအခမ်းအနား ကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။