“Practical Git & GitHub Hands-on” သင်တန်း ဖွင့်လှစ်မည်

September 11, 2018 / Comments Off on “Practical Git & GitHub Hands-on” သင်တန်း ဖွင့်လှစ်မည်

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Practical Git & GitHub Hands-On သင်တန်းကို နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ Project ရေးသားနေသည့် ကျောင်းသား/ ကျောင်းသူ များ၊ Software လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ Team တစ်ခုတည်ထောင်ပြီး အဖွဲ့လိုက် Project များ ပြုလုပ်နေသူများ၊ Version Control စနစ်ကို အမှန်တကယ် အသုံးပြုတတ်လိုသူများနှင့် MCPA Member များအတွက် ရည်ရွယ်ပြီး သင်တန်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက် နှင့် (၃၀) ရက် (စနေ၊ တနင်္ဂနွေ) တွင် ဖွင့်လှစ်သင်ကြား မည် ဖြစ်ပါသည်။
တစ်ဦးတည်းသော်လည်းကောင်း၊ အသင်းအဖွဲ့အဖြစ်သော်လည်းကောင်း၊ Project များ ရေးသည့် အခါတွင် File နှင့် Code များကို အကြိမ်ကြိမ် ပြင်ဆင်ရလေ့ရှိပါသည်။ တခါတရံတွင် File တစ်ခုတည်းကို အဖွဲ့ဝင် နှစ်ဦး/ သုံးဦးမှ ဝိုင်းဝန်းရေးသားရန် ရှိလာတတ်ပါသည်။ ထိုအခါများတွင် ပုံမှန် File စနစ်ဖြင့် အလုပ်လုပ်ရန် ခက်ခဲလာပါသည်။ မည်သူမှ မည်သည့်အချိန်တွင် မည်သည့်အချက်အလက်များကို ပြင်ဆင်သွားကြောင်း သိနိုင်ရန် ခက်ခဲတတ်ပါသည်။
ထို့ကြောင့် ကုမ္ပဏီများတွင် Version Control စနစ်တစ်ခုကို မဖြစ်မနေ အသုံးပြုရပါသည်။ Version Control စနစ်မှ File များကို Monitoring ပြုလုပ်ပေးခြင်း၊ အဖွဲ့ဝင် နှစ်ဦး/သုံးဦးမှ ကူညီလုပ်ဆောင်ပေးခြင်း ဖြင့် လုပ်ငန်းကို ပိုမိုမြန်ဆန်လာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာနိုင်ပါသည်။
ယခုဖွင့်လှစ်မည့်သင်တန်းတွင် Version Control စနစ်တစ်ခုဖြစ်သည့် Git စနစ်အကြောင်းနှင့် မိမိတို့ Code များ၊ File များကို ရေးသားနေသည့် အဖွဲ့ဝင်များမှ မျှဝေသုံးစွဲပြီး ရေးသားနိုင်အောင် လုပ်ဆောင်ပေးမည့် GitHub စနစ် အကြောင်းများကို လက်တွေ့ပြုလုပ်ရင်းဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်း တက်ရောက်ပြီးချိန်၌ မိမိတို့ ရေးသားသည့် Project များတွင် Git နှင့် GitHub ကို ကောင်းစွာ အသုံးပြု၍ ရေးသားလာနိုင်မည် ဖြစ်ပါသည်။
Course Outline
– Introduction to Version Control
– Introduction to Git & its architecture
– Git Commands
– Introduction to GitHub
– Essential GitHub Workflow
– Branching
– Merging
– Working Locally with Git
– Working Locally with Git
– Uploading Repository to GitHub
– Team Collaboration on GitHub
သင်တန်းကာလ – ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉၊ ၃၀) ရက် (စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် (၉:၃၀) နာရီမှ ညနေ (၄:၀၀) နာရီ
သင်တန်းကြေး – ၆၀,၀၀၀ ကျပ် (ခြောက်သောင်းကျပ်)
MCPA Member – 10% Discount (1 & over 1 year)
– 20% Discount (2 & over 2 years)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab၊ MICT Park၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်၊ နေ့လယ် (၁၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab၊ MICT Park၊ လှိုင်မြို့နယ် သို့ လာရောက်စာရင်း ပေးသွင်းနိုင်ပါသည်။
ဖုန်းနံပါတ် – ၀၁ – ၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
(မှတ်ချက် ။ အတန်းတက်ချိန် ၇၅% မပြည့်ပါက သင်တန်းဆင်းလက်မှတ် ပေးမည်မဟုတ်ပါ။)