MMCPA Certified Network Associate (NA) Exam Preparation (Intensive Course) သင်တန်းဖွင့်လှစ်မည်

November 25, 2019 / Comments Off on MMCPA Certified Network Associate (NA) Exam Preparation (Intensive Course) သင်တန်းဖွင့်လှစ်မည်

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

အဆိုပါ သင်တန်းသည် MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်မည့် အစီအစဉ်…..

  • သင်တန်းအမည် – MCPA Certified Network Associate (NA) Exam Preparation

(Intensive Course)

  • သင်ကြားမည့်ဘာသာရပ်များ –   Desktop PC Hardware, Networking Fundamental,

Desktop OS, WLAN,

NOS and Network Environment,

Security , Network Management,

(Networking သင်ခန်းစာတစ်ချို့အား ICT Lab တွင်

လက်တွေ့ သင်ကြားပေးပါမည်။)

  • သင်တန်းဖွင့်လှစ်မည့်ရက် – ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ  (၉, ၁၀, ၁၁) ရက်နေ့ (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)
  • သင်တန်းအချိန် – နံနက်  ၉:ဝ၀ မှ ညနေ ၅:ဝ၀ အထိ
  • သင်တန်းကြေး – (၂၀,၀၀၀) ကျပ်
  • သင်တန်းဖွင့်လှစ်မည့်နေရာ – Room 302, Building 14, 3rd Floor, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့။

 

[အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၀၁ ၆၅၂၂၇၆ / ၀၉ ၅၀၆၇၁၆၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ ]

စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူများသာ တက်ရောက်နိုင်ပါသည်။

(၂၂၁၁၂၀၁၉ နေ့မှစ၍ စာရင်းပေးသွင်းနိုင်ပါသည်။)