MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို MICT Park Conference Hall ၌ ယနေ့ နံနက် (၉) နာရီမှစ၍ ကျင်းပခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်လည်း တိုင်းအဆင့်ပြိုင်ပွဲများကို ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် ပြိုင်ပွဲသည် တိုင်းဒေသကြီးများမှ ပထမဆုရရှိသော အသင်းများ ထပ်မံယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲ ဖြစ်ပါသည်။ MCPA Quiz ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။ ယခုနှစ်တွင် ပြည်နယ်နှင့်တိုင်း (၁၃) ခုမှ လာရောက်ယှဉ်ပြိုင်ကြပါသည်။

October 22, 2019 / Comments Off on MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို MICT Park Conference Hall ၌ ယနေ့ နံနက် (၉) နာရီမှစ၍ ကျင်းပခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်လည်း တိုင်းအဆင့်ပြိုင်ပွဲများကို ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် ပြိုင်ပွဲသည် တိုင်းဒေသကြီးများမှ ပထမဆုရရှိသော အသင်းများ ထပ်မံယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲ ဖြစ်ပါသည်။ MCPA Quiz ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။ ယခုနှစ်တွင် ပြည်နယ်နှင့်တိုင်း (၁၃) ခုမှ လာရောက်ယှဉ်ပြိုင်ကြပါသည်။

News

MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို MICT Park Conference Hall ၌ ယနေ့ နံနက် (၉) နာရီမှစ၍ ကျင်းပခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်လည်း တိုင်းအဆင့်ပြိုင်ပွဲများကို ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် ပြိုင်ပွဲသည် တိုင်းဒေသကြီးများမှ ပထမဆုရရှိသော အသင်းများ ထပ်မံယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲ ဖြစ်ပါသည်။ MCPA Quiz ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။ ယခုနှစ်တွင် ပြည်နယ်နှင့်တိုင်း (၁၃) ခုမှ လာရောက်ယှဉ်ပြိုင်ကြပါသည်။
ယနေ့ ကျင်းပသည့် MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းကိုယ်စားပြု Metro IT & Japanese Language Center မှ အဖွဲ့က ပထမဆု၊ ပဲခူးတိုင်းကိုယ်စားပြု တောင်ငူကွန်ပျူတာတက္ကသိုလ်မှ ဒုတိယဆု၊ မကွေးတိုင်း ကိုယ်စားပြု ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းကိုယ်စားပြု မုံရွာကွန်ပျူတာတက္ကသိုလ်တို့မှ တတိယဆုပူးတွဲ အသီးသီးရရှိခဲ့ကြပါသည်။
ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးခဲ့ကြသူများမှာ Main Sponsor အဖြစ် Metro IT & Japanese Language Center မှ လည်းကောင်း၊ Association Partner အဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ Diamond Sponsor အဖြစ် Telecom International Myanmar Co., Ltd @ Mytel နှင့် ACE Group of Companies တို့မှလည်းကောင်း၊ Gold Sponsor အဖြစ် STI Myanmar University, Galaxy Software Co., Ltd နှင့် Japan IT & Business College တို့မှလည်းကောင်း၊ Silver Sponsor အဖြစ် Ahtaroo Co., Ltd, Kaspersky Co., Ltd နှင့် Compute Tech Co., Ltd. တို့မှလည်းကောင်း၊ Technical Partner အဖြစ် Assembler Co., Ltd. နှင့် Device Partner အဖြစ် KMD နှင့် Shwe La Min Nagar Co., Ltd. တို့မှလည်းကောင်း၊ Connectivity Provider အဖြစ် 5BB နှင့် Media Partner အဖြစ် Internet Journal နှင့် Venue Partner အဖြစ် MICTDC တို့မှလည်းကောင်း အသီးသီးပံ့ပိုး ကူညီခဲ့ကြပါသည်။