MCPA Professional Series #6 ဖြစ်သော စာရေးဆရာ ဇော်မေ (Computer Science) ၏ Data Analytics Tool: Power BI စာအုပ်ထွက်ရှိ

November 24, 2020 / Comments Off on MCPA Professional Series #6 ဖြစ်သော စာရေးဆရာ ဇော်မေ (Computer Science) ၏ Data Analytics Tool: Power BI စာအုပ်ထွက်ရှိ

News

MCPA Professional Series #6 ဖြစ်သော
စာရေးဆရာ ဇော်မေ (Computer Science) ၏ Data Analytics Tool: Power BI စာအုပ်ထွက်ရှိ
Smart Factory လို့လည်းခေါ်ဆိုနိုင်တဲ့ Industry 4.0 ကာလကို ရောက်ရှိလာတဲ့အခါ Data များသည် အလွန်အရေးကြီးလာပါသည်။ ထို့အပြင် အင်တာနက်ဖြင့် ချိတ်ဆက်သော ဆက်စပ်ပစ္စည်းမှန်သမျှက ရရှိလာသည့် data များသည်လည်း အံ့မခန်းကြီးမားလာပါသည်။ ပုံစံအမျိုးမျိုးနှင့်ရရှိလာသည့် data များကို နားလည်လွယ်ပြီး ထပ်မံအသုံးချလို့ရတဲ့ data source တွေအဖြစ် ပြောင်းလဲဖို့ data တွေကို ခွဲခြမ်းစိစစ်မည့် Data Analysts တွေနဲ့ Data Scientists များ၏ အခန်းကဏ္ဍများသည်လည်း အရေးပါ လာပါသည်။ ထိုအခန်းကဏ္ဍများတွင် အသုံးပြုရမည့် နည်းပညာများ၊ analytic tools များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် Data Visualization ကလည်း မသိမဖြစ် ဖြစ်လာပါသည်။ Data Visualization အတွက် Tools များ အများကြီးရှိပါသည်။
ထိုအထဲကမှ Power BI သည်လည်း data visualization tool တစ်ခုဖြစ်ပြီး interactive visualization နှင့် business intelligence အတွက် အဓိက ရည်ရွယ် ရေးသားထားပါသည်။
လုပ်ငန်းခွင်အတွင်းမှာ အသုံးပြုသူများ ကိုယ်တိုင် reports များ၊ dashboards များ ဖန်တီးနိုင်လောက်တဲ့အထိ ရိုးရှင်းလွယ်ကူအောင် Microsoft က စီစဉ်ပေးထားသည့် Tool တစ်ခု ဖြစ်ပါသည်။
Power BI ဟာဆိုရင် နည်းပညာကျောင်းသူ ကျောင်းသားများ၊ နည်းပညာ ပတ်ဝန်းကျင် က မဟုတ်သော လူငယ်များ၊ လုပ်ငန်းခွင် ဝင်နေရသူများ အတွက်ပါ အသုံးဝင်သော၊ လေ့လာရန် လွယ်ကူသော ပညာရပ်တစ်ခုလို့လည်း ဆိုနိုင်ပါသည်။
စာအုပ်ထဲတွင် Power BI Analytic Tool နဲ့ ပတ်သက်သည့် အကြောင်းအရာများ ရေးသားထားပါသည်။ ထိတွေ့နေကျ Excel ထက် ပိုမိုအားသာချက်တွေရှိသည့် Power BI လိုမျိုးကို ပြောင်းသုံးသင့်ပါသည်။ အကယ်၍ Excel ကနေ ချက်ချင်း ပြောင်းလဲအသုံးမပြုနိုင်သေးရင်လည်း Power Query လိုမျိုး Excel ပေါ်တွင် ဘယ်လိုအသုံးပြုမည် ဆိုတာမျိုးကိုလည်း စာအုပ်ထဲမှာ ရေးထားပါသည်။
ဖတ်ရတာ လွယ်ကူအောင် စီစဉ်ရေးသားထားတဲ့အပြင် လက်တွေ့လေ့ကျင့်ခန်းလေးတွေ ထည့်သွင်းထားသည့် အတွက်ကြောင့် ပိုပြီး မြန်မြန်နားလည်စေပါမည်။
အခုနောက်ပိုင်းတွင် တဖြည်းဖြည်းနဲ့ Power BI ကို လူသိများလာတာဖြစ်သည့် အတွက် နောက်ကျ ကျန်မနေခဲ့ရသည့် နည်းပညာအသစ် တစ်ခုအဖြစ် လေ့လာဖတ်ရှု့သင့်သည့် စာအုပ်ဖြစ်ပါသည်။