MCPA Member ဝင်လိုသူများအတွက် စည်းကမ်းချက်များ

July 14, 2023 / Comments Off on MCPA Member ဝင်လိုသူများအတွက် စည်းကမ်းချက်များ

News

MCPA Member ဝင်လိုသူများအတွက် စည်းကမ်းချက်များ
Student Member ဝင်ခွင့်ရသူများ (ဝင်ကြေး- ၁၅,၀၀၀ကျပ်၊ နှစ်စဥ်ကြေး- ၅,၀၀၀ကျပ်)
၁။ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပထမနှစ်၊ ဒုတိယနှစ်) တက်ရောက်နေသည့် ကျောင်းသား/သူများ။
၂။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိအမှတ်ပြုသည့် ကျောင်း၊ အဖွဲ့အစည်းမှ ဖွင့်လှစ်သော IT diploma သင်တန်း၊ International IT Diploma သင်တန်းတက်ရောက်ဆဲ ကျောင်းသား/ သူများ။
၃။ MCPA မှအသိအမှတ်ပြုထားသည့်သင်တန်းများတွင် IT Professional Certification Course ကိုအနည်းဆုံး နာရီ (၁၂၀) တက်ရောက်ပြီးသူများ။
Associate Member ဝင်ခွင့်ရသူများ (ဝင်ကြေး- ၂၀,၀၀၀ကျပ်၊ နှစ်စဥ်ကြေး – ၇,၀၀၀ကျပ်)
ကွန်ပျူတာ ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး အောက်ပါအရည်အချင်းများအနက် တစ်ခုခုနှင့်ကိုက်ညီလျှင် အသင်းသားရေးရာကော်မတီက လက်ခံစစ်ဆေးပြီး ခွင့်ပြုခြင်း/ ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။
၁။ International Advanced Diploma (2)years လက်မှတ် ရရှိထားသူများ။
၂။ International Professional Certification from Vendors (eg- MCSA, MCSD,….)လက်မှတ်ရရှိသူများ။
၃။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းအသိအမှတ်ပြုသည့် ကေ​ျာင်း၊အဖွဲ့အစည်းမှ ဖွင့်လှစ်သော IT Diploma အောင်မြင်ပြီးသူများ၊ MCPA မှစစ်ဆေးသော MCPA exam ကိုအောင်မြင်ပြီးသူများ။
၄။ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့တွင် တတိယနှစ်နှင့်အထက်တက်ရောက်နေသည့် ကျောင်းသား /သူ မ​ျား။
၅။ ကွန်ပြူတာပညာရှင်အဖြစ် အနည်းဆုံး (၂)နှစ် လုပ်ကိုင်ခဲ့ကြောင်း ကုမ္ပဏီ (သို့မဟုတ်) AM အသင်းသား (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ ဆောင်ရွက်ပေးခဲ့/ ပေးလျှက်ရှိသော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံစာပါရှိရမည်။
Professional Member ဝင်ခွင့်ရသူများ (ဝင်ကြေး – ၅၀,၀၀၀ကျပ်၊ နှစ်စဥ်ကြေး – ၁၀,၀၀၀)
ကွန်ပျူတာပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး အောက်ပါအရည်အချင်းများအနက်တစ်ခုခုနှင့်ကိုက်ညီလျှင် အသင်းသားရေးရာကော်မတီကလက်ခံစစ်ဆေးပြီး/ငြင်းပယ်ခြင်းပြုလုပ်နိုင်သည်။
၁။ AM သက်တမ်း (၂)နှစ် ကြာမြင့်ပြီး ကွန်ပျူတာပညာရှင်အဖြစ် ဆက်လက်လုပ်ကိုင်နေသူများ။
၂။ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊စက်မှုတက္ကသိုလ်တို့မှ ဘွဲ့ရရှိပြီး လုပ်သက် (၂)နှစ်ကျော်ရှိသူများ။
၃။ ကွန်ပြူတာပညာရှင်အဖြစ်အနည်းဆုံး (၂)နှစ် လုပ်ကိုင်ခဲ့ကြောင်း ကုမ္ပဏီ (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ ဆောင်ရွက်ပေးခဲ့/ ပေးလျှက်ရှိသော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံစာပါရှိရမည်။
၄။ အသင်းအလုပ်အမှုဆောင်အစည်းအဝေးမှ အဆုံးအဖြတ်ဖြင့် အသင်းအတွက် ကူညီပံ့ပိုးနိုင်သောအရည်အချင်းရှိသူများ။
Fellow Member ဝင်ခွင့်ရသူများ (အဆင့်မြှင့်ကြေး – ၂၀၀,၀၀၀ကျပ်၊နှစ်စဥ်ကြေး -မရှိ)
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် အသင်းသို့ အဆိုပြုလွှာလျှောက်ထားနိုင်ပြီး အလုပ်အမှုဆောင်အစည်းအဝေးမှ ဆုံးဖြတ်မည်။
၁။ PM ဖြစ်ပြီး MCPA အသင်းတွင် အလုပ်အမှုဆောင်သက်တမ်းပြည့် (၁)ကြိမ် တာဝန်ထမ်းဆောင်ပြီးသူများ။
၂။ တက္ကသိုလ် ၊ ကောလိပ်များမှ IT ကွန်ပျူတာ ဌာနတစ်ခုခု၏ တွဲဖက်ပါမောက္ခရာထူးနှင့်အထက် တာဝန်ထမ်းဆောင်ခဲ့သူ/ တာဝန်ထမ်းဆောင်နေသူများ။
၃။ PM သက်တမ်း (၁၀) နှစ်ပြည့်ပြီးသူများ။
Honorary Member ဝင်ခွင့်ရသူများ (ဝင်ကြေး-မရှိ)

၁။ မြန်မာနိုင်ငံအတွင်း ကွန်ပျူတာပညာဖြင့် အသုံးချဖွံ့ဖြိုးပြန့်ပွားရေးအတွက် ထူးခြားစွာ ကူညီထောက်ပံ့သူ/ပံ့ပိုးပေးသူ။ (အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ပေးအပ်ရန်)