ITPEC Exam certificate အောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

June 21, 2018 / Comments Off on ITPEC Exam certificate အောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

News

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam အောင်လက်မှတ်နှင့် ထူးချွန်ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို MICT Park, Conference Hall, Hlaing Campus တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးမှ အဖွင့်မိန့်ခွန်း ပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးငြိမ်းဦးမှ ITPEC Exam အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် IP Exam Excellence Award ဆု ရရှိသူ (၄) ဦး၊Fundamental Information Technology Engineer Exam (FE Exam) တွင် အောင်မြင်သူ (၈) ဦး၊ Information Technology Passport Exam (IP Exam) တွင် အောင်မြင်သူ (၁၃၆) ဦးအား အသီးသီး အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။