ITPEC Exam မေးခွန်းပုံစံ ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း

January 13, 2023 / Comments Off on ITPEC Exam မေးခွန်းပုံစံ ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် IPA မှ နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် (April နှင့် October) လများတွင် ကျင်းပစစ်ဆေးလျက်ရှိသော ITPEC စာမေးပွဲ မေးခွန်းများကို ၂၀၂၄ ခုနှစ် ဧပြီလစာမေးပွဲတွင် စတင်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲကို (၁၀-၁-၂၀၂၃) အင်္ဂါနေ့ တွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF အစည်းအဝေးခန်းမ အဆောင် (၉) မြေညီထပ် MICT Park၊ လှိုင်တက္ကသိုလ် နယ်မြေတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် MCF မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မြင့်မြင့်သန်း၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPA မှ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းနှင့် စာမေးပွဲကော်မတီ ဥက္ကဌ ဦးအောင်ဇော်မြင့်တို့မှ
– ITPEC Exam များအကြောင်းရှင်းလင်းခြင်း
– IPA မှ ပြောင်းလဲလိုက်သည့် စာမေးပွဲဆိုင်ရာ အချက်အလက်များ ရှင်းလင်းခြင်းနှင့်
– သက်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပွဲသို့ တက်ရောက်လာကြသော တက္ကသိုလ်ကျောင်းများနှင့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် အပြန်အလှန်မေးမြန်း ဖြေကြားခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။
ထို့ပြင် IP စာမေးပွဲတွင် Pseudo Programming မေးခွန်းများ အသစ်ထပ်မံ ထည့်သွင်းခြင်း၊ FE စာမေးပွဲတွင် ကြိုက်နှစ်သက်ရာ မေးခွန်းဖြေဆိုမှုအစား မေးခွန်းအားလုံး ဖြေဆိုအစားထိုးခြင်းများနှင့် Question Scope ပြောင်းလဲခြင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။