ITPEC စာမေးပွဲများ ကျင်းပပြုလုပ်

April 30, 2023 / Comments Off on ITPEC စာမေးပွဲများ ကျင်းပပြုလုပ်

News

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပ လျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် ဘားအံတို့တွင် ယနေ့ (၃၀-၄-၂၀၂၃) တွင် ကျင်းပပြုလုပ်ခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် (၅၅၂) ဦးနှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် (၄၅၀) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။