Internship ကျောင်းကျောင်းသူများအား Hands On Training သင်ကြားပို့ချပေးခဲ့ခြင်း

July 26, 2018 / Comments Off on Internship ကျောင်းကျောင်းသူများအား Hands On Training သင်ကြားပို့ချပေးခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၏ Incubation Center ဖြစ်သည့် Kanaung Hub တွင် Internship Program 2018 အတွက် ရောက်ရှိနေသည့် ဗန်းမော်၊ လားရှိုး၊ ကလေး၊ မကွေး၊ မုံရွာ၊ တောင်ငူ၊ မအူပင်၊ ပြည်၊ ထားဝယ်၊ မြိတ်တို့၏ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ ကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက် တနင်္လာနေ့တွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးတင်မောင်မောင်ယဉ် မှ “Version Control (Git Hub)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရင်းစစ် ဦးကျော်သူရအောင်မှ “Domain, Hosting & Web Design – key knowledge Recap” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊ ကြာသပတေးနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးဇော်မိုးထွန်းမှ “Xamarin” ခေါင်းစဉ်ဖြင့်လည်းကောင်း Hands On Training များကို သင်ကြားပို့ချပေးခဲ့ကြပါသည်။