Information Technology Professionals Examination Council (ITPEC) နှင့် ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ခြင်း

August 14, 2018 / Comments Off on Information Technology Professionals Examination Council (ITPEC) နှင့် ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ခြင်း

News

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ကွန်ပျူတာသင်ကြားရေးဌာန နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းတို့မှ Information Technology Professionals Examination Council (ITPEC) အစီအစဉ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁) ရက် စနေနေ့ နံနက် (၉) နာရီ တွင် အဆောင်(၉)၊ အစည်းအဝေးခန်း၊ MICT Park ၌ ပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေး၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မာမျိုး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နာယက ဦးရဲရင့်ဝင်း၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ အတွင်းရေးမှူး ဦးမင်းဦး၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးဇော်ဝင်းထွန်း၊ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထိန်ဝင်း၊ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့် ၊ အသင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အောင် နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးမျိုးနိုင် တို့မှ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အကြံပေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။