မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Oracle ကုမ္ပဏီ၏ နည်းပညာရပ်များကို စိတ်ဝင်စားသော MCPA Member များအတွက် “Oracle Technology” နှင့် ပတ်သက်သော Workshop ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် ကြာသပတေးနေ့တွင် ပြုလုပ်မည် ဖြစ်ပါသည်။

October 17, 2019 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Oracle ကုမ္ပဏီ၏ နည်းပညာရပ်များကို စိတ်ဝင်စားသော MCPA Member များအတွက် “Oracle Technology” နှင့် ပတ်သက်သော Workshop ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် ကြာသပတေးနေ့တွင် ပြုလုပ်မည် ဖြစ်ပါသည်။

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

“Oracle Technology Day @ MCPA” ပြုလုပ်မည်။

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Oracle ကုမ္ပဏီ၏ နည်းပညာရပ်များကို စိတ်ဝင်စားသော MCPA Member များအတွက် “Oracle Technology” နှင့် ပတ်သက်သော Workshop ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် ကြာသပတေးနေ့တွင် ပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ Workshop အား Oracle Database အကြောင်း စိတ်ဝင်စားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီ များ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ၏ active member များကိုဦးစားပေးမည် ဖြစ်ပါသည်။

လူဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်လူဦးရေထက် ကျော်လွန်လျှောက်ထားလာပါက MCPA Member အမျိုးအစား၊ Member သက်တမ်းနှင့် အသင်းတွင် ပါဝင်ကူညီလှုပ်ရှားဆောင်ရွက်ခဲ့မှုများဖြင့် စီစစ်ရွေးချယ် သွားမည် ဖြစ်ပါသည်။

Event Title Oracle Technology Day @MCPA
Event Date 24th – 10 – 2019 (Thursday)
Event Place Kanaung Hub, Build (14), 4th Floor, MICT Park, Hlaing Campus.
9:00am – 10:00am The Future Enterprise for the Data Driven Economy (60 mins)

–          IT Trends, AI/ML, UDP, Security, Cyber Attack, Data Privacy

10:00am – 10:45am Journey to the Cloud with Oracle Multi-Cloud Strategy (45 mins)

–          Oracle Cloud, Autonomous Database, Autonomous Linux, MSFT/VMWare partnership, Docker/Kubernetes

10:45am – 11:00am COFFEE BREAK
11:00am – 12:00am The New Era of DBMS : Oracle 19c (Introduction)
12:00noon – 13:00pm Lunch
13:00pm – 16:00pm The New Era of DBMS : Oracle 19c (continue)

 

အဆိုပါ Workshop သို့ တက်ရောက်လိုပါ ၂၃.၁၀.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ (၄:၀၀) နာရီနောက်ဆုံး ထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း (သို့မဟုတ်) “Oracle Technology Day @ MCPA” Event မှလည်း စာရင်း ပေးသွင်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ဖုန်းနံပါတ် ၀၁- ၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၅ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း