Developer Conference Yangon 2019 အတွက် Volunteer များ ဖိတ်ခေါ်ခြင်း

December 10, 2019 / Comments Off on Developer Conference Yangon 2019 အတွက် Volunteer များ ဖိတ်ခေါ်ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ အဋ္ဌမအကြိမ်မြောက် 8th Developer Conference Yangon ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁-၂၂) ရက်နေ့များတွင် လှိုင်မြို့နယ်၊ MICT Park, Conference Hall ၌ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ ပွဲအခမ်းအနားအတွက် လိုအပ်သည်များကို ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် Volunteer များ လိုအပ်လျက်ရှိရာ MCPA အသင်းဝင်သော်လည်းကောင်း၊ အသင်းဝင်မဟုတ်သည့် မိတ်ဆွေ သူငယ်ချင်းများမှ သော်လည်းကောင်း ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် (၉) မြေညီထပ်၊ ဖုန်း ၀၁ ၆၅၂၂၇၆၊ ၀၉ ၅၀၆၇၁၆၈၊ အီးမေးလ် [email protected] သို့ ၁၂.၁၂.၂၀၁၉ (ကြာသပတေးနေ့) ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ရာထူး၊ အလုပ်အကိုင်၊ အတွေ့အကြုံများနှင့်တကွ ပေးပို့အကြောင်းပြန်ကြား ပေးပါရန် နှိုးဆော်အပ်ပါသည်။

စိတ်ပါဝင်စားသူများသည် အောက်ပါ Link တွင် 14.12.2019 (Saturday) နေ့ နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ပါသည်။

DevCon ဖြစ်မြောက်ရေး ကော်မတီ

https://forms.gle/s2heqsgGyrWyqPCd8