Coronavirus Disease 2019 (COVID – 19) ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းအား ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

March 24, 2020 / Comments Off on Coronavirus Disease 2019 (COVID – 19) ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းအား ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

News

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၄) ရက်

 

                                          Coronavirus Disease 2019 (COVID – 19) ကာကွယ်သည့်အနေဖြင့်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းအား ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း

                                                        အသင်းသူ/ အသင်းသားများသို့ အသိပေးကြေညာချက်

 

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၃) ရက်တွင် Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း WHO ၏ ကြေညာချက် ထုတ်ပြန်ခဲ့ ပါသည်။

၂။     အဆိုပါရောဂါသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ဟောပြောဆွေးနွေးပွဲများနှင့် ပွဲလမ်းသဘင်များအား မတ်လ (၁၃) ရက်မှ ဧပြီလ (၃၀) ရက်နေ့အထိ မပြုလုပ်ကြရန် ညွှန်ကြားထားပါသည်။

၃။    ယခုအချိန်တွင် နိုင်ငံအတွင်း၌ (COVID-19) ရောဂါပိုးရှိ ၂ ဦး တွေ့ရှိထားပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ရောဂါပိုး ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၇) ရက် မှ ဧပြီလ (၃၀) ရက်အထိ ယာယီပိတ်ထားမည် ဖြစ်ပါကြောင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များကို Work from Home အနေဖြင့် ပြုလုပ်သွားပါမည်။

၄။    ဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို  အီးမေးလ် [email protected] သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၅၀၆၇၁၆၅၊ ၀၉-၅၀၆၇၁၆၃ သို့ လည်းကောင်း ရုံးချိန် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း ဆက်သွယ် နိုင်ပါကြောင်း အသင်းသူ/ အသင်းသားများ သိရှိစေရန် အသိပေး ကြေညာအပ်ပါသည်။

 

 

 

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း