Clash of Robots ပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

September 3, 2018 / Comments Off on Clash of Robots ပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ WYTU Science & Research Club တို့ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ တနင်္ဂနွေနေ့၌ ပထမအကြိမ် Clash of Robots ပြိုင်ပွဲ အခမ်းအနားကို Main Building, MICT Park ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် နံနက် (၁၀) နာရီတွင် Kanaung Hub၊ MICT Park ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးထွန်းခိုင်၊ အတွင်းရေးမှူး ဦးမင်းဦး၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးဇော်ဝင်းထွန်း တို့ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
ထိုရှင်းလင်းပွဲ၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်မောင်မောင်က ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲကျင်းပဖြစ်ခဲ့ပုံတို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၏ Science & Research Club ၏ ဥက္ကဋ္ဌ ကိုဟိန်းထက်က ပြိုင်ပွဲအမျိုးအစားနှင့် ဆုပေးမည့် အစီအစဉ်တို့နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသော မီဒီယာများ၏ သိလိုသည်များ မေးမြန်းခြင်းတို့ကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ နှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြပါသည်။

Clash of Robots ပြိုင်ပွဲ Guide Book ရယူရန်

https://drive.google.com/…/1ewr7c2uTdX8M9LWWISJywqPyR…/view…

Clash of Robots ပြိုင်ပွဲ Rules Bookရယူရန်
(Rules and Regulationsများအား ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးများဖြစ်သော World Robot Games နှင့် Pinoy Robot Games တို့မှ မှီငြမ်းကိုးကားထားပါသည်။)

https://drive.google.com/…/1z66Hgv1BfIOUx_IETvQ_2I5dP…/view…

Register လုပ်ရန်နှင့် ကနဦးစစ်ဆေးခြင်းမေးခွန်းများ ဖြေဆိုရန်

https://docs.google.com/…/1FAIpQLSeb_Zd06g2_c8bRa…/viewform…