Clash of Robot Myanmar နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ပူးပေါင်း၍ ပထမဆုံးအကြိမ် World Robot Games Myanmar 2020 ပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်၊ ပိတ်ပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၆) ရက် များတွင် MICT Park , Main Building, Conference Hall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

January 27, 2020 / Comments Off on Clash of Robot Myanmar နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ပူးပေါင်း၍ ပထမဆုံးအကြိမ် World Robot Games Myanmar 2020 ပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်၊ ပိတ်ပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၆) ရက် များတွင် MICT Park , Main Building, Conference Hall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

News

Clash of Robot Myanmar နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ပူးပေါင်း၍ ပထမဆုံးအကြိမ် World Robot Games Myanmar 2020 ပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်၊ ပိတ်ပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၆) ရက် များတွင် MICT Park , Main Building, Conference Hall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

World Robot Games Myanmar 2020 ပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ၂၅-၁-၂၀၂၀ (စနေနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးမင်းဦး၊ World Robot Games Myanmar 2020 ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်း၊ Chief Judge Mr. Melvin from International World Robot Games၊ Clash of Robot Team Founder ကိုမင်းခန့်မောင်မောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ဆက်လက်ပြောကြားကာ မြန်မာနိုင်ငံ ၏ ပထမဆုံး Robot ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြပါသည်။

ဆက်လက်ပြီး ပြိုင်ပွဲအစီအစဉ်များကိုကျင်းပခဲ့ရာ Rugby Robot Game ကို ပါဝင်ယှဉ်ပြိုင်သူ အဖွဲ (၁၂)ဖွဲ့၊ Line-Tracing Robot Game ကို ပါဝင်ယှဉ်ပြိုင်သူ အဖွဲ့ (၁၇)ဖွဲ့၊ On-Water Robot Game ကို ပါဝင်ယှဉ်ပြိုင်သူ အဖွဲ့ (၁၇)ဖွဲ့ က အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

World Robot Games Myanmar 2020 ပြိုင်ပွဲ ကြီးတွင် Rugby Robot – 1st Prize (Team Venom, Info Myanmar University), 2nd Prize (Team Anubis,University of Technology, Yatanarpon Cyber City)၊ On-Water – 1st Prize (Robo Dream, Info Myanmar University), 2nd Prize (PRIME, University of Technology, Yatanarpon Cyber City)၊ Line – Tracing – 1st Prize (Auto Bot, Myanmar Robotics & Coding School), 2nd Prize (Magic Youth, Magic Eye Mathematics, Robotics & Coding Centre),3rd Prize (ibot, No(1), Basic Education Sub High School (Myoma) အဖွဲ့များက အသီးသီး ယှဉ်ပြိုင်အနိုင်ရခဲ့ကြပါသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲကို ၂၆-၁-၂၀၂၀ (တနင်္ဂနွေနေ့)တွင် ဆက်လက်ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး World Robot Games Myanmar 2020 ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပြိုင်ပွဲအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲတွင် ပြိုင်ပွဲတွင် အနိုင်ရရှိသည့် ပြိုင်ပွဲဝင်များကို ဆုချီးမြှင့်ခြင်း၊ Performance Award ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ ပံ့ပိုးကူညီပေးခဲ့သည့် Sponsor Company များအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ Junior Creative Group ၏ Performance အကများဖြင့် ဖေျာ်ဖြေတင်ဆက်ခြင်း၊ အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကာ ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။