“ASEAN Skills Competition 2018” တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

August 26, 2018 / Comments Off on “ASEAN Skills Competition 2018” တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

News

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၊ မြန်မာနိုင်ငံကျွမ်းကျင်မှု ပြိုင်ပွဲဦးစီးကော်မတီ ဦးဆောင်မှုဖြင့် ကျင်းပနေသည့် မြန်မာနိုင်ငံကိုယ်စားပြု ASEAN Skills Competition 2018 ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ထို ASEAN Skills Competition 2018 ၌ ICT Skills ခေါင်းစဉ်များအောက်မှ Web Design Skills ပြိုင်ပွဲ၊ Information Network Cabling ပြိုင်ပွဲနှင့် IT Network System Administration ပြိုင်ပွဲများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၊ ကြီးကြပ် သူများနှင့် Observer များသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ ညနေလေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲဝင်အဖွဲ့များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးမင်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးအောင်စိုးမိုးတို့က လိုက်ပါပို့ဆောင်၍ နှုတ်ဆက် အားပေးခဲ့ပါသည်။