2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည့်သတင်း

June 8, 2018 / Comments Off on 2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည့်သတင်း

News

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် ၊ တနင်္ဂနွေနေ့တွင် Job Net မှ ကြီးမှူး၍ Sedona Hotel တွင် ကျင်းပပြုလုပ်မည့် 2017 Tech Expo Career အခမ်းအနားတွင် MCPA မှ Supporting Association အနေဖြင့် ပါဝင်မည်ဖြစ်ပါသည်။

Panel (၄) ခု အစီအစဉ်တွင် MCPA ၏အလုပ်အမှုဆောင်များမှ ပါဝင်ဆွေးနွေး ဟောပြောပေးသွားမည်ဖြစ်ပါသည်။

MCPA မှ Booth ရှိမည်ဖြစ်ပြီး အဆိုပါ Booth တွင် Member Service Desk ထားရှိ၍ အသင်းဝင်လက်ခံခြင်း၊ MCPA Professional Series စာအုပ်များရောင်းပေးခြင်း နှင့် အသင်းသားနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါသည်။