၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် တိုင်းဒေသကြီး/ပြည်နယ်အသင်း အလုပ်အမှုဆောင်လောင်းများကို အသင်းသားများက မဲပေး ရွေးချယ်ခြင်း နှင့် အတည်ပြုခြင်း

January 15, 2021 / Comments Off on ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် တိုင်းဒေသကြီး/ပြည်နယ်အသင်း အလုပ်အမှုဆောင်လောင်းများကို အသင်းသားများက မဲပေး ရွေးချယ်ခြင်း နှင့် အတည်ပြုခြင်း

News

၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် တိုင်းဒေသကြီး/ပြည်နယ်အသင်း အလုပ်အမှုဆောင်လောင်းများကို အသင်းသားများက မဲပေး ရွေးချယ်ခြင်း နှင့် အတည်ပြုခြင်း အခမ်းအနားကို ၁၄ – ၁ – ၂၀၂၁ ကြာသပတေးနေ့၊ နံနက်(၉)နာရီမှ (၁၂) နာရီအထိ Virtual Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၂၁-၂၀၂၃ ခုနှစ် အတွက် ပြည်တိုင်း (၁၀) ခုတွင် သတ်မှတ်ထားသည့် Seated အရေအတွက်ထက် ကျော်လွန်နေသည့်ပြည်တိုင်း (၄) ခုဖြစ်သည့် (၁)ရန်ကုန်တိုင်းဒေသကြီး၊ (၂)မွန်ပြည်နယ်၊ (၃)ပဲခူးတိုင်းဒေသကြီး၊(၄) မကွေးတိုင်းဒေသကြီး အသင်းများကို အသင်းသားများက မဲပေးရွေးချယ်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင် သဘာပတိ အဖြစ် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် နာယက ဦးသိန်းဦး နှင့် ဦးခွန်ဦး တို့က ဆောင်ရွက် အတည်ပြုပေးခဲ့သည်။