၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအသင်း၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း

January 15, 2021 / Comments Off on ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအသင်း၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း

News

၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအသင်း၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် အသင်းချုပ် ကိုယ်စားလှယ်နှင့် ပြည်ထောင်စုအသင်း၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ ၁၅ – ၁ – ၂၀၂၁ သောကြာနေ့၊ နံနက် (၉)နာရီမှ (၁၀:၃၀) နာရီအထိ Virtual Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၂၁-၂၀၂၃ ခုနှစ် အမှုဆောင်သက်တမ်းအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အလုပ်အမှုဆောင် (၆၃) ယောက်ကို ရွေးချယ်တင်မြှောက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင် သဘာပတိ အဖြစ် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် နာယက ဦးသိန်းဦးနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင် တို့က ဆောင်ရွက် အတည်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် အမည်နှင့် ရာထူး တာဝန်များကို အောက်ပါအတိုင်း ရွေးကောက်တင်မြှောက်ခဲ့သည်။
၁။ ဥက္ကဋ္ဌ ဦးထွန်းခိုင်
၂။ ဒုတိယဥက္ကဋ္ဌ(၁) ဦးမင်းဦး
၃။ ဒုတိယဥက္ကဋ္ဌ(၂) ဦးဇော်မိုးထွန်း
၄။ ဒုတိယဥက္ကဋ္ဌ(၃) ဦးဝင်းထိန်ဝင်း
၅။ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်း
၆။ တွဲဖက်အတွင်းရေးမှူး (၁) ဦးဇော်မင်းထွေး
၇။ တွဲဖက်အတွင်းရေးမှူး (၂) ဦးဝင်းချိုဦး
၈။ တွဲဖက်အတွင်းရေးမှူး (၃) ဦးအေးကျော်လှိုင်
၉။ တွဲဖက်အတွင်းရေးမှူး(၄) ဒေါက်တာမျိုးမျိုးနိုင်
၁၀။ ဘဏ္ဍာရေးမှူး ဦးဘိုဘိုလွင်
၁၁။ စာရင်းစစ် (၁) ဒေါ်မေသဲဝင်း
၁၂။ စာရင်းစစ် (၂) ဦးအောင်ဇော်မြင့်
ကျန်အဖွဲ့ဝင် (၅၁)ဦး