၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းများ၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း

January 15, 2021 / Comments Off on ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းများ၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း

News

၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းများ၏ ရာထူးတာဝန် ရွေးကောက်တင်မြှောက်သည့် အခမ်းအနားကျင်းပခြင်း
ပြည်နယ်နှင့်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းများ ၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် ရာထူးတာဝန် ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားကို ၁၄ – ၁ – ၂၀၂၁ ကြာသပတေးနေ့၊ နေ့လယ် (၁)နာရီမှ (၄) နာရီအထိ Virtual Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၂၁-၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်း (၁၀) သင်း၏ ရာထူးတာဝန်များကို ရွေးချယ်တင်မြှောက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင် သဘာပတိ အဖြစ် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် နာယက ဦးသိန်းဦး၊ ဦးသောင်းတင် နှင့် ဦးခွန်ဦး တို့က ဆောင်ရွက် အတည်ပြုပေးခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (၁၀)သင်း၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် အမည်နှင့် ရာထူး တာဝန်များကို ပူးတွဲဖိုင်ပါအတိုင်း ရွေးကောက်တင်မြှောက်ခဲ့သည်။