ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွင် နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

August 31, 2018 / Comments Off on ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွင် နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ MCPA ICT Tour 2018 နည်းပညာဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀) ရက် (ကြာသပတေးနေ့) နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၏ IT ဌာန ကထိက ဦးဇူးနွန်ခူးမား က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ နည်းပညာဟောပြောပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက “Progressive Web Apps” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးတင်မောင်မောင်ယဉ်က “Creating WebVR Using A-Frame” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေး ဟောပြော Hands On ပြသပေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။