မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam နှင့် MCPA (NA/NP) Exam အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်၊ စနေနေ့၊ နေ့လယ် (၂) နာရီ၌ ရန်ကုန်မြို့ MICT Park, Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

February 8, 2020 / Comments Off on မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam နှင့် MCPA (NA/NP) Exam အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်၊ စနေနေ့၊ နေ့လယ် (၂) နာရီ၌ ရန်ကုန်မြို့ MICT Park, Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

News

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသည့် (၇) နိုင်ငံ အသိအမှတ်ပြု ITPEC Exam နှင့် MCPA (NA/NP) Exam အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်၊ စနေနေ့၊ နေ့လယ် (၂) နာရီ၌ ရန်ကုန်မြို့ MICT Park, Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် က အဖွင့်မိန့်ခွန်းပြောကြားပြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ITPEC စာမေးပွဲများအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ Top Gun Training သို့ သွားရောက်လေ့လာခွင့်ရရှိသူ (၂) ဦးနှင့် မြန်မာနိုင်ငံတွင် အမှတ်အများဆုံးဖြင့် IP Excellence Award ရရှိသူ (၅) ဦး၊ မြန်မာနိုင်ငံတွင် အမှတ်အများဆုံးဖြင့် FE Excellence Award ရရှိသူ (၃) ဦး၊ Information Technology Passport Examination (IP Exam) တွင် အောင်မြင်သူ (၄၂၀) ဦး နှင့် Fundamental Information Technology Engineer Examination (FE Exam) တွင် အောင်မြင်သူ (၂၂၁) ဦး၊ Applied Information Technology Engineer Examination (AP Exam) တွင် အောင်မြင်သူ (၂) ဦး၊ MCPA Certified Network Exam (NA Exam) တွင် အောင်မြင်သူ (၁၆) ဦးနှင့် MCPA Certified Network Professionals Exam (NP Exam) တွင် အောင်မြင်သူ (၂) ဦးတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အောင်မြင်သူ အများဆုံးဆု၊ အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးနှင့် အထူးဆုရရှိသည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ Metro IT & Japanese Language Centre နှင့် မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ် တို့အား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အောင်လက်မှတ်ချီးမြှင့်ပေးအပ်ပွဲတွင် ပံ့ပိုးကူညီခဲ့သည့် Myanmar Worker Management Services Co., Ltd မှ တာဝန်ရှိသူ Dr.Thet Naung Tun (Director) အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်း ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။