မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသည့် ITPEC Exam Certificate ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို MICT Park ပင်မဆောင်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

February 16, 2019 / Comments Off on မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသည့် ITPEC Exam Certificate ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို MICT Park ပင်မဆောင်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

News

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသည့် ITPEC Exam Certificate ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား၌ အဖွဲ့ဝင်နိုင်ငံ (၇) နိုင်ငံတွင် IP Exam ၌ အမှတ်အများဆုံ (၁) ဦးနှင့် ဒုတိယအမှတ်အများဆုံး (၂) ဦး၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် Top Gun Training Program သို့ သွားရောက်မည့်သူ (၂) ဦး၊ IP Exam နှင့် FE Exam တို့တွင် ထူးချွန်စွာ အောင်မြင်ပြီး Excellence Award ရရှိသူ (၇) ဦး၊ Applied Information Technology Engineer Examination (AP exam) တွင် အောင်မြင်သူ (၃) ဦး၊ Fundamental Information Technology Engineer Examination (FE exam) တွင် အောင်မြင်သူ (၇၀) ဦး နှင့် Information Technology Passport Engineer Examination (IP exam) တွင် အောင်မြင်သူ (၂၆၉) ဦးနှင့် အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံး၊ အောင်မြင်သူအများဆုံးနှင့် ဝင်ရောက်ဖြေဆိုသူအများဆုံး ရရှိကြသည့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် နှင့် Metro IT & Japanese Language Centre တို့အား လည်းကောင်း အောင်လက်မှတ်၊ ဆုများနှင့် ဂုဏ်ပြုလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။