မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းသားများ အကြောင်းအရာ။ အထူးအစည်းအဝေးဖိတ်ကြားခြင်းနှင့် သဘောထားမှတ်ချက်တောင်းခံခြင်း။

December 4, 2020 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းသားများ အကြောင်းအရာ။ အထူးအစည်းအဝေးဖိတ်ကြားခြင်းနှင့် သဘောထားမှတ်ချက်တောင်းခံခြင်း။

Events News

သို့/
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းသားများ
အကြောင်းအရာ။ အထူးအစည်းအဝေးဖိတ်ကြားခြင်းနှင့် သဘောထားမှတ်ချက်တောင်းခံခြင်း။
၁။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အထူးအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် အသင်းသားများအားလုံး တက်ရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက်၊ ၁၉-၁၂-၂၀၂၀ (စနေနေ့)
ကျင်းပမည့်အချိန်၊ နံနက် (၁၀:၀၀) နာရီ
ကျင်းပမည့်နေရာ၊ Virtual Meeting
၂။ အထူးအစည်းအဝေးကို အသင်းသားများ အဆင်ပြေစွာတက်ရောက်နိုင်ရန်အတွက် Online Registration : https://userroll.com/mcpaegm2020 တွင် ၁၅-၁၂-၂၀၂၀ ရက် အင်္ဂါနေ့ နေ့လယ် (၃:၀၀) နာရီ နောက်ဆုံးထားပြီး ကြိုတင်အမည်စာရင်းပေးသွင်းပါရန်နှင့် စာရင်းသွင်းထားသူများကို Meeting link ပေးပို့သွားမည်ဖြစ်သည်။
၃။ ထို့အပြင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ပြင်ဆင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်ပတ်သက်၍ အသင်းသားများ သဘောထားမှတ်ချက်ပေးလိုပါက ၁၁-၁၂-၂၀၂၀ ရက် သောကြာနေ့ နောက်ဆုံးထားပေးပို့နိုင်ပါသည်။