မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် Oracle Corporation တို့ ပူးပေါင်း၍ ” Oracle Technology Day @ MCPA ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၄ – ၁၀ -၂၀၁၉ (ကြာသပတေးနေ့)၊ နံနက် (၁၀)နာရီတွင် အဆောင် (၁၄)၊ ၄ လွှာ ရှိ Kanaung Hub ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

October 24, 2019 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် Oracle Corporation တို့ ပူးပေါင်း၍ ” Oracle Technology Day @ MCPA ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၄ – ၁၀ -၂၀၁၉ (ကြာသပတေးနေ့)၊ နံနက် (၁၀)နာရီတွင် အဆောင် (၁၄)၊ ၄ လွှာ ရှိ Kanaung Hub ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် Oracle Corporation တို့ ပူးပေါင်း၍ ” Oracle Technology Day @ MCPA ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၄ – ၁၀ -၂၀၁၉ (ကြာသပတေးနေ့)၊ နံနက် (၁၀)နာရီတွင် အဆောင် (၁၄)၊ ၄ လွှာ ရှိ Kanaung Hub ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ” Oracle Technology Day @ MCPA ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်က “Oracle Technology Day @ MCPA ” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ Oracle Corporation ၏ Education Manager Ms. Supaporn က Workshop နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် Oracle Corporation က Mr. Nattakij က ” The Future Enterprise For The Data Driven Economy ” ခေါင်းစဉ်ဖြင့် ” Oracle Technology Day @ MCPA ” Workshop အား ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ စိတ်ဝင်စား၍ တက်ရောက်လာသူ ဦးရေ (၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။