မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ကျင်းပသည့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် အရာထမ်း/ အမှုထမ်းများအတွက် “Industry 4.0” ဟောပြောပွဲအခမ်းအနား

July 24, 2019 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ကျင်းပသည့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် အရာထမ်း/ အမှုထမ်းများအတွက် “Industry 4.0” ဟောပြောပွဲအခမ်းအနား

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ကျင်းပသည့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် အရာထမ်း/ အမှုထမ်းများအတွက် “Industry 4.0” ဟောပြောပွဲအခမ်းအနား
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ကျင်းပသည့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် အရာထမ်း/ အမှုထမ်းများအတွက် ICT–based–Industry Revolution “Industry 4.0” ဟောပြောပွဲအခမ်းအနားကို ၂၄-၇-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ မြို့နယ်ခန်းမ၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်က ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများ နှင့် အလုပ်အမှုဆောင်များက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်ပြီး ICT–based–Industry Revolution “Industry 4.0” ခေါင်းစဉ်ဖြင့် Panel Discussion တွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦး၊ Moderator အဖြစ် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်စိုးမိုး၊ ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်လင်းဦးတို့က ပါဝင်ဆွေးနွေး ဟောပြောခဲ့ကြပါသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်လင်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။