မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ရာထူး/တာဝန် လွှဲပြောင်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်၊ စနေနေ့ နံနက် (၁၀:၀၀) နာရီတွင် Conference Hall, Main Building, MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

February 4, 2019 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ရာထူး/တာဝန် လွှဲပြောင်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်၊ စနေနေ့ နံနက် (၁၀:၀၀) နာရီတွင် Conference Hall, Main Building, MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ရာထူး/တာဝန် လွှဲပြောင်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်၊ စနေနေ့ နံနက် (၁၀:၀၀) နာရီတွင် Conference Hall, Main Building, MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဦးတင်ဝင်းအောင်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးခွန်ဦးတို့မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးမင်းဦးမှ (၂၀၁၇ – ၂၀၁၉) အမှုဆောင်သက်တမ်းတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ခြင်းနှင့် ဘဏ္ဍာရေးမှူး ဦးဘိုဘိုလွင်မှ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြပေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ – ၂၀၁၉) အလုပ်အမှုဆောင်အဖွဲ့ဟောင်းမှ (၂၀၁၉ – ၂၀၂၁) အလုပ်အမှုဆောင်အဖွဲ့အသစ်ထံသို့ ရာထူးတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး မှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။