မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက် စနေနေ့တွင် MCPA Quiz 2018 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို Confernece Hall, Main Building, MICT Park ၌ကျင်းပပြုလုပ်ခဲ့ပါသည်

October 20, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက် စနေနေ့တွင် MCPA Quiz 2018 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို Confernece Hall, Main Building, MICT Park ၌ကျင်းပပြုလုပ်ခဲ့ပါသည်

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက် စနေနေ့တွင် MCPA Quiz 2018 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို Confernece Hall, Main Building, MICT Park ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက MCPA Quiz 2018 နိုင်ငံအဆင့် နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက MCPA Quiz 2018 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ပတ်သက်၍ ပြိုင်ပွဲစည်းကမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီး ပြိုင်ပွဲကို Level 1, Level 2 ခွဲပြီး ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲ၌ ပထမဆုကို ကွန်ပျူတာတက္ကသိုလ် (မကွေး) မှ လည်းကောင်း၊ ဒုတိယဆုကို Metro IT and Japanese Language Center မှ လည်းကောင်း၊ တတိယဆုကို ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)နှင့် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ လည်းကောင်း အသီးသီး ရရှိသွားခဲ့ကြပါသည်။

MCPA Quiz 2018 နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် Association Partner အဖြစ် Myanmar Computer Federation ၊ Diamond Sponsor အဖြစ် Metro IT and Japanese Lanuage Center နှင့် MyTel ၊ Gold Sponsor အဖြစ် STI Myanmar University နှင့် Enervon-C ၊ Silver Sponsor အဖြစ် Nadi Myanmar Family Group နှင့် Ahtaroo Co.,Ltd၊ Device Sponsor အဖြစ် Nippon, Samsung, နှင့် Be တို့အားလည်းကောင်း၊ Technical Sponsor အဖြစ် Assembler Automation, Venue Sponsor အဖြစ် MICTDC နှင့် Media Partner အဖြစ် Internet Journal, Connectivity Provider အဖြစ် 5BB တို့မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြပါသည်။