မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်များမှ “နည်းပညာ၊ အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ” တွင် ပါဝင်ဆွေးနွေး ဟောပြောခဲ့ခြင်း

August 14, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်များမှ “နည်းပညာ၊ အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ” တွင် ပါဝင်ဆွေးနွေး ဟောပြောခဲ့ခြင်း

News

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် JobNet.com.mm မှ ကြီးမှူးကျင်းပခဲ့သည့် နည်းပညာနှင့် အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ “Technology & Engineering Career Conference 2018” တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း တွဲဖက်အတွင်းရေးမှူး(၃) ဦးရဲကျော်သိန်း ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအေးကျော်လှိုင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဒေါက်တာမျိုးမျိုးနိုင်၊ GMIT ၏ CEO ဦးရာဝီ၊ AcePlus Solutions ၏ CEO ဒေါ်မွန်မွန်မြင့်သူ ၊ MIT Co.,Ltd. ၏ Executive Director ဒေါ်လွင်လွင်ငြိမ်းချမ်း၊ Ooredoo ၏ Network Support Manager ဒေါ်ပြည့်သက်ဝင်း နှင့် Ooredoo ၏ Information Management Senior Manager ဒေါ်အေးအေးမြင့် ၊ Telenor ၏ Senior Manager ဦးဇေယျာမြင့်ရွှေ တို့က အောက်ပါခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

– The Importance of Technology in the Development of Myanmar’s Economy
– How Myanmar Organizations can transform to Tech Driven organizations / Cyber Security in Myanmar / Value of Big Data in Myanmar

အဆိုပါပွဲတွင် MCPA မှ Member Service Desk ထားရှိပြီး အသင်းသားလက်ခံခြင်း၊ နှစ်စဉ်ကြေးလက်ခံခြင်း၊
MCPA Professional Series စာအုပ်များ ရောင်းချခြင်းများ ပြုလုပ်ခဲ့ပါသည်။