မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်များမှ “နည်းပညာ၊ အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ” တွင် ပါဝင်ဆွေးနွေး ဟောပြောမည်

August 8, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်များမှ “နည်းပညာ၊ အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ” တွင် ပါဝင်ဆွေးနွေး ဟောပြောမည်

Events News

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် JobNet.com.mm မှ ကြီးမှူးကျင်းပမည့် နည်းပညာနှင့် အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲ “Technology & Engineering Career Conference 2018” တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင်များမှ အောက်ပါ Panel အစီအစဉ်များတွင် ပါဝင်ဆွေးနွေးကြမည် ဖြစ်ပါသည်။

Panel 1: 10:00 am – 11:00 am
Topic – “The Importance of Technology in the Development of Myanmar’s Economy”
Moderator & Panelists: ဦးသောင်းစုငြိမ်း (ဥက္ကဋ္ဌ၊ MCPA)- Moderator,
ဦးအေးကျော်လှိုင် (အလုပ်အမှုဆောင်၊ MCPA),
ဒေါက်တာမျိုးမျိုးနိုင် (အလုပ်အမှုဆောင်၊ MCPA),
ဒေါ်မွန်မွန်မြင့်သူ၊ (CEO, AcePlus Solutions.),
ဒေါ်လွင်လွင်ငြိမ်းချမ်း၊ (Executive Director, MIT Co.,Ltd.)

Panel 3: 12:30 pm – 01:15 pm
Topic – “How Myanmar Organizations can transform to Tech Driven organizations / Cyber Security in Myanmar
/ Value of Big Data in Myanmar”
Moderator & Panelists: ဦးရဲကျော်သိန်း (တွဲဖက်အတွင်းရေးမှူး(၃)၊ MCPA)၊
ဦးအေးကျော်လှိုင် (အလုပ်အမှုဆောင်၊ MCPA),
ဒေါ်ပြည့်သက်ဝင်း (Network Support Manager, Ooredoo),
ဒေါ်အေးအေးမြင့် (Information Management Senior Manager, Ooredoo)

ထိုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ MCPA Member များအတွက် အသင်းဝင်ခြင်း၊ အဆင့်မြှင့်ခြင်း နှင့် နှစ်စဉ်ကြေး လက်ခံခြင်းတို့ကိုလည်း Member Service Desk ထားရှိပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပွဲအကြောင်း အသေးစိတ်အချက်အလက်များနှင့် Register ပြုလုပ်နိုင်ရန်အတွက်

https://www.jobnet.com.mm/events/tech-engineering

သို့ဝင်ရောက်နိုင်ပါသည်။