မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် နည်းပညာ ဟောပြောပွဲကိုကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ) ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

July 10, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် နည်းပညာ ဟောပြောပွဲကိုကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ) ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက် အင်္ဂါနေ့ နံနက် (၉:၃၀) နာရီမှ (၁၂:၀၀) နာရီ အထိ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ) ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၏ ပါမောက္ခချုပ် ဒေါက်တာ တင်တင်သိန်း က အဖွင့်အမှာစကား ပြောကြား၍၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အမှာစကား ပြောကြားခဲ့ကာ နည်းပညာရေစီးကြောင်း ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချခဲ့ပါသည်။ ဟောပြောပွဲ အခမ်းအနားသို့ ပခုက္ကူမြို့နယ်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ပါ တက်ရောက်ခဲ့ကြသည်။

 “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက Moderator အဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးထွန်းခိုင်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးဇော်ဝင်းထွန်း၊ မကွေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးခင်ဇော် နှင့် မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါ်ဌေးယဉ်ဝင်း တို့မှ ပါဝင် ဆွေးနွေး ဟောပြော ခဲ့ကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာသော ပရိသတ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပြီး၊ ဆွေးနွေးပွဲတွင် ဝင်ရောက် ဆွေးနွေးပေးခြင်း၊ မေးခွန်းများကို ပါဝင် ဖြေကြားပေးခြင်းများ ပြုလုပ်ပေးခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နည်းပညာဟောပြောပွဲအား UNITED PHARMACEUTICAL CO.,LTD (ENERVON-C) မှ ပံ့ပိုးကူညီ ပေးခဲ့ပါသည်။