မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် နည်းပညာ ဟောပြောပွဲကို နည်းပညာတက္ကသိုလ် (မုံရွာ) ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

July 10, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် နည်းပညာ ဟောပြောပွဲကို နည်းပညာတက္ကသိုလ် (မုံရွာ) ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ် ဖြင့် နည်းပညာ ဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ () ရက် တနင်္လာနေ့ နေ့လယ် (:၃၀) နာရီမှ (:၃၀) နာရီ အထိ နည်းပညာတက္ကသိုလ် (မုံရွာ) ကျင်းပပြုလုပ်ခဲ့ပြီးနည်းပညာ တက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ် ဒေါက်တာမျိုးညွန့် က အဖွင့်အမှာစကား ပြောကြား၍၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အမှာ စကား ပြောကြားပေးခဲ့ပါသည်။

“Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက Moderator အဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ() ဦးထွန်းခိုင်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး() ဦးဇော်ဝင်းထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်နိုင်နိုင်မော် နှင့် မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါ်ဌေးယဉ်ဝင်းတို့မှ ပါဝင် ဆွေးနွေးဟောပြောခဲ့ကြပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပရိသတ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ ကြရာ အလုပ်အမှုဆောင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို အောင်မြင်စွာ ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နည်းပညာဟောပြောပွဲအား UNITED PHARMACEUTICAL CO.,LTD (ENERVON-C) မှ ပံ့ပိုးကူညီ ပေးခဲ့ပါသည်။