မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ် ဖြင့် ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ၌ နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

July 10, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ် ဖြင့် ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ၌ နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Professional Tracks & ICT Trends” ခေါင်းစဉ် ဖြင့် နည်းပညာဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက် တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲအခမ်းအနား၌ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၏ ပါမောက္ခချုပ် (တာဝန်ခံ) ဒေါက်တာစိုးစိုးခိုင်က အဖွင့်အမှာစကား ပြောကြား၍၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးသောင်းစုငြိမ်း ကအမှာစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက် “Professional Tracks & ICT Trends” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက Moderator အဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ(၁)ဦးထွန်းခိုင်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးဇော်ဝင်းထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်နိုင်နိုင်မော် နှင့် မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါ်ဌေးယဉ်ဝင်းတို့မှ ပါဝင်ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပရိသတ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပြီး ဟောပြောပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲ တွင် ဝင်ရောက် ဆွေးနွေးပေးခြင်း၊ မေးခွန်းများကို ပါဝင် ဖြေကြားပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ နည်းပညာဟောပြောပွဲအား UNITED PHARMACEUTICAL CO.,LTD (ENERVON-C) မှ ပံ့ပိုးကူညီ ပေးခဲ့ပါသည်။

 

ပါသည်။