” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ “

March 14, 2019 / Comments Off on ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ “

News

” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့်
MCPA ICT Tour (Digital Transformation) နယ်လှည့်
နည်းပညာဟောပြောပွဲ ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၁၄ရက်၊ ကြာသပတေးနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဇွဲကပင်ခန်းမ၊ ဘားအံမြို့၊ ကရင်ပြည်နယ်၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လှျပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးလှိုင်က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးဂွျန်ကညောစေးက ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်အောင်က “Building Capacity And Readiness For e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်ဇော်မြင့်က “Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအေးကျော်လှိုင်က “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြးပြီး အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။