” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၂၂ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ မြို့တော်ခန်းမ၊ ပဲခူးမြို့၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

March 22, 2019 / Comments Off on ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၂၂ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ မြို့တော်ခန်းမ၊ ပဲခူးမြို့၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

News

” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့်
MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၂၂ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ မြို့တော်ခန်းမ၊ ပဲခူးမြို့၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း ၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးကျော်စွာဦးက ပဲခူးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်စိုးမိုးက “Building Capacity And Readiness For e-Government Transformation” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အလုပ်အမှုဆောင် ဦးရဲကျော်သိန်းက “e-Government Infrastructure, Security and Privacy Issues” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Current Trends in Digital Economy” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။