” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၁၅ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ပြည်နယ်ခန်းမ၊ မော်လမြိုင်မြို့ ၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

March 15, 2019 / Comments Off on ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၁၅ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ပြည်နယ်ခန်းမ၊ မော်လမြိုင်မြို့ ၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

News

” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့်
MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၁၅ရက်၊ သောကြာနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ပြည်နယ်ခန်းမ၊ မော်လမြိုင်မြို့ ၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံ၊ ဘဏ္ဍာ၊ လဝကဝန်ကြီး ဦးဝဏ္ဏကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးသိန်းဇော်က မွန်ပြည်နယ် ကွန်ပျူတာပညာရှင်အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်အောင်က “Building Capacity And Readiness For e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်ဇော်မြင့်က “Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအေးကျော်လှိုင်က “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။