ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ၂၅ရက်၊ သောကြာနေ့ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

October 25, 2019 / Comments Off on ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ၂၅ရက်၊ သောကြာနေ့ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

News

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ၂၅ရက်၊ သောကြာနေ့ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ဖိတ်ကြားထားသောအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ လျှပ်စစ်၊ စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား၍ တက်ရောက် လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးက “Building Capacity And Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးဝင်းထိန်ဝင်းက “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးအေးကျော်လှိုင်က “Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။