ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”

November 27, 2019 / Comments Off on ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”

News

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၂၇ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉:၃၀)နာရီမှ နေ့လယ် (၁၂:၃၀)နာရီအထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဖိတ်ကြားထားသောအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား၍ တက်ရောက် လာသည့်ဧည့်သည်တော် များ နှင့် အလုပ်အမှုဆောင်များက အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်စိုးမိုးက “Building Capacity And Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးရဲကျော်သိန်းက “Network Infrastructure” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးအောင်ပြည့်ဟိန်းက “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ ၏ မေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုရာထူးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထက်လွင်က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။