ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ စနေနေ့ နံနက် (၈:၃၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ အထက(၃) ကျောင်းအနောက်၊ ရွှေဖားစည်အဆင့်မြင့်အိမ်ယာ၊ စီမံကိန်း (၂)၊ တိုက်အမှတ် (C-2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

December 7, 2019 / Comments Off on ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ စနေနေ့ နံနက် (၈:၃၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ အထက(၃) ကျောင်းအနောက်၊ ရွှေဖားစည်အဆင့်မြင့်အိမ်ယာ၊ စီမံကိန်း (၂)၊ တိုက်အမှတ် (C-2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

News

ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ စနေနေ့ နံနက် (၈:၃၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ အထက(၃) ကျောင်းအနောက်၊ ရွှေဖားစည်အဆင့်မြင့်အိမ်ယာ၊ စီမံကိန်း (၂)၊ တိုက်အမှတ် (C-2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနား၌ ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးစောဘိုဘိုဝင်းမောင် ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးနှင့် ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးစောဂျွန်ကညောစေးတို့က မင်္ဂလာဖွဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးစောဘိုဘိုဝင်းမောင် က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးက အမှာစကားပြောကြားခြင်းနှင့် ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးစောဂျွန်ကညောစေးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားတို့ကို အသီးသီး ပြောကြား ပေးခဲ့ပါသည်။

ထို့နောက် ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ကရင်ပြည်နယ်ကွန်ပျူတာပညာရှင် အသင်းနှင့် မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်းမှ ဧည့်သည်တော်များ၊ အသင်းဝင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။