ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်းရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉:၀၀) နာရီ၌ ခရိုင်စုပေါင်းရုံး၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

July 24, 2019 / Comments Off on ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်းရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉:၀၀) နာရီ၌ ခရိုင်စုပေါင်းရုံး၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

News

ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်းရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉:၀၀) နာရီ၌ ခရိုင်စုပေါင်းရုံး၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်စိုးမိုး၊ ကယားပြည်နယ် ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်လင်းဦး၊ ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးကျော်သီဟနှင့် အလုပ်အမှုဆောင်များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းခဲ့ကြပါသည်။
ဆက်လက်ပြီး ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်လင်းဦးက ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသို့ အမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် အလုပ်အမှုဆောင်များအား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကယားပြည်နယ်ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။