“World Robot Games (Myanmar) 2020” ပြိုင်ပွဲ ကျင်းပမည်

November 23, 2019 / Comments Off on “World Robot Games (Myanmar) 2020” ပြိုင်ပွဲ ကျင်းပမည်

Events

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဦးဆောင်မှုဖြင့် Clash of Robots Team (COR) နှင့် ပူးပေါင်း၍ World Robot Games (Myanmar) ပြိုင်ပွဲကို ကျောင်းသားကျောင်းသူများ၏ နည်းပညာတီထွင်ဆန်းသစ်မှုများ၊ ကျောင်းတွင်း အဖွဲ့အစည်း Team Work လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ် များ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်းပြန့်ပွားနိုင်ရန် ရည်ရွယ်ပြီး “World Robot Games (Myanmar) 2020” ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄- ၂၅- ၂၆) ရက်များ၌ Conference Hall, Main Building, MICT Park တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှု ဧရိယာအလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူများ၊ သိပ္ပံနှင့် နည်းပညာ အသစ်အဆန်းများအား လေ့လာ သူများ၊ ICT ဆိုင်ရာသင်တန်းကျောင်းများ၊ ပညာရေးနယ်ပယ်မှ သင်တန်းကျောင်းများ နှင့် အစိုးရပညာရေးဆိုင်ရာကျောင်း များ၏ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) တို့မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲ၌ အနိုင်ရရှိသည့် အသင်းများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ထောက်ပံ့မှုများ ရရှိမည်ဖြစ်ပါ သည်။

“World Robot Games (Myanmar) 2020” ပြိုင်ပွဲတွင် Senior Level Game နှစ်ခုနှင့် Junior Level Game တစ်ခု တို့ ပါဝင်မည် ဖြစ်ပါသည်။ ယှဉ်ပြိုင်ရမည့် Game အမျိုးအစားများမှာ –

  1. Rugby Robot (Senior Level – University)
  2. On-Water Robot (Senior Level – University)
  3. Line Tracing (Junior Level – Primary, Secondary, High School)

 

“World Robot Games (Myanmar) 2020” ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် စိတ်ဝင်စားသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များကို MCPA Website www.mcpamyanmar.org နှင့်fb link-https://www.facebook.com/corMyanmar/ ,www.facebook.com/World.Robot.Games.Myanmar/  တွင် Download ရယူပြီး လျှောက်ထားနိုင်ပါသည်။ ပြိုင်ပွဲဝင် လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထားပြီး MCPA ရုံး၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park – ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၅၊ ၀၉-၇၆၀၈၉၆၀၃၀၊ ၀၉-၄၄၃၉၃၆၅၈၅ သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ email – [email protected] , [email protected] သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။