Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲ

October 18, 2020 / Comments Off on Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲ

Events

Myanmar Cybersecurity Month 2020 ကို ကြိုဆိုသောအားဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ US-ICT Council Myanmar, သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) တို့ ပူးပေါင်း၍ သတင်းအချက်အလက် နည်းပညာခေတ်တွင် Cyber လုံခြုံရေးနည်းပညာများ တိုးတက်ပြန့်ပွားလာ စေရန်အတွက် Cybersecurity နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ခေါင်းစဉ် (၂) ခုဖြင့် Online ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Panel (1) ကို “Road to National Cyber Security Framework” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Panel (2) ကို “Skills Set for Cyber Security Professionals” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ထို့အတွက် ဖိတ်ကြားထားသော Government CIO/ CTO များ၊ အစိုးရဌာနများ၊ သက်ဆိုင်ရာဌာနများနှင့် Cyber Security ကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါသည်။
တက်ရောက်လိုသူများသည် အောက်ပါ Link တွင် Registered ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ပြီး အောက်တိုဘာလ (၂၅) ရက် တနင်္ဂနွေနေ့၊ နေ့လယ် (၁:၀၀ နာရီ မှ ၄:၀၀ နာရီ) အထိ Zoom Webinar ဖြင့် တက်ရောက်ဆွေးနွေးနိုင်ပါသည်။