Internet Resource Management Essentials” ဟောပြောပွဲကျင်းပမည်

June 8, 2018 / Comments Off on Internet Resource Management Essentials” ဟောပြောပွဲကျင်းပမည်

Events

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှူး၍ Domain Name Server Security နှင့် Internet Routing ဆိုင်ရာ နည်းပညာအသစ်များကို သိရှိလာစေရန်နှင့် အသုံးပြုတတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉းဝဝ) နာရီမှ (၁၂းဝဝ) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း (၂ဝ၅) တွင် Australia နိုင်ငံ Asia Pacific Network Information Center (APNIC) မှ  Mr. Vithanage Champika Wijayatunga နှင့် Mr. Jeffrey Leander Tosco တို့မှ “Internet Resource Management Essentials” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ Network Engineer များ၊ System Administrator များ၊ Internet/ Network နှင့် ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်နေသူများ၊ DNS Security နှင့် Internet Routing ဆိုင်ရာ နည်းပညာများကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ Website- www.mcpamyanmar.org၊ ဖုန်းနံပါတ်-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

Event Type:
Seminar
Event Date:
Wednesday, October 27, 2010 – 15:30 to 18:30