CIO/CTO Online Conference ဆိုင်ရာ သတင်းထုတ်ပြန်ချက် (၂၀၂၀ ပြည့်နှစ် မတ်လ (၁၇) ရက် အင်္ဂါနေ့)

March 23, 2020 / Comments Off on CIO/CTO Online Conference ဆိုင်ရာ သတင်းထုတ်ပြန်ချက် (၂၀၂၀ ပြည့်နှစ် မတ်လ (၁၇) ရက် အင်္ဂါနေ့)

Events

CIO/CTO Online Conference ဆိုင်ရာ သတင်းထုတ်ပြန်ချက်

(၂၀၂၀ ပြည့်နှစ် မတ်လ (၁၇) ရက် အင်္ဂါနေ့)

၁။  Online Conference ဖြင့် နှီးနှောဖလှယ်ကြမည်

e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီ၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) က တာဝန်ယူ စီစဉ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းက အကောင်အထည်ဖော် ဆောင်ရွက် သော “CIO/CTO Online Conference” ဆွေးနွေးနှီးနှောဖလှယ်ပွဲကို မတ်လ (၃၀) ရက်နှင့် (၃၁) ရက်နေ့များ တွင် Online Platform ဖြင့် ကျင်းပပြုလုပ်ပါမည်။

၂။  CIO/CTO Online Conference ကျင်းပခြင်း၏ အခြေခံသဘောတရား

Industry 4.0 ဟုကြွေးကြော်နေကြသော ယနေ့ခေတ်တွင် လူမှုစီးပွားဘဝခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေး စီးပွားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းများအနေဖြင့် ခေတ်မီ နည်းပညာများကို အပြည့်အဝအကျိုးရှိစွာအသုံးချပြီး မိမိတို့၏ လုပ်ငန်းများကို ပြောင်းလဲဖော်ဆောင်ရန် အရေးတကြီးလိုအပ်နေပါသည်။ ထိုသို့ ပြောင်းလဲဖော်ဆောင်ရာတွင် အဆိုပါအဖွဲ့အစည်းအသီးသီး၏ CIO/CTO များ၏ အခန်းကဏ္ဍသည်လည်း ရှေ့တန်းမှ အရေးပါလာပါသည်။

ယခုနှီးနှောဖလှယ်ပွဲသည် ကဏ္ဍအမျိုးမျိုးမှ CIO/CTO များအတွက် “Roles and Responsibilities”, “Skills and Certifications”, “Awareness of Industry 4.0 and focusing ideas”, “Transformation by innovative ways” စသော ရှုထောင့်များမှ သိရှိဖွယ် ဆင်ခြင်ဖွယ် တွေးတောဖွယ်ရာများ ရရှိစေခြင်းဖြင့် Transformation လုပ်ငန်းများကို ပိုမို ထိရောက်အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

၃။  Conference Magazine ရိုက်နှိပ်ထုတ်ဝေမည်

ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် နည်းပညာဆိုင်ရာဆောင်းပါးများဖြင့် Conference Magazine ကိုလည်း ရိုက်နှိပ်ထုတ်ဝေပါမည်။

၄။  Online နှင့် MCPA Yangon Live Room တို့မှ ဝင်ရောက်ဆွေးနွေးကြမည်

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ Chief Information Officer (CIO) များ၊ Chief Technology Officer (CTO) များ၊ Multi National Corporation (MNC), Non-Government Organization (NGO), International Non-Government Organization (INGO) များမှ ICT Executive များ၊ ICT Professional များက Online နှင့် MICT Park အဆောင် (၁၄) ဒုတိယထပ်ရှိ MCPA (Yangon) Live Room အတွင်းမှ လည်းကောင်း၊ နိုင်ငံခြားနှင့် ရပ်ဝေးသို့ရောက်ရှိနေသူများသည် သက်ဆိုင်ရာ နေရာအသီးသီးမှ လည်းကောင်း online platform တွင် ပါဝင်ဆွေးနွေးကြပါမည်။

၅။  Register Link တွင် ကြိုတင်စာရင်းသွင်းရမည်

တက်ရောက်မည့်သူများသည် သက်ဆိုင်ရာ “Register Link” သို့ ကြိုတင်ဝင်ရောက်၍ အချက်အလက်များ ဖြည့်သွင်းမှတ်ပုံတင်ပြီး “Your Webinar Link” သို့ ဝင်ရောက်ထားရပါမည်။ နှီးနှောဖလှယ်ပွဲ အစီအစဉ်များအတိုင်း သတ်မှတ်ထားသောအချိန်တွင် မိမိတို့၏နေရာမှပင် တက်ရောက် လေ့လာနိုင်ပါမည်။ လိုအပ်သော presentation များ၊ အချက်အလက်များနှင့် အစီရင်ခံစာများစသည့် ဖိုင်များကိုလည်း download ပြုလုပ်နိုင်ပါမည်။ live message ဖြင့်လည်း မေးမြန်းဆွေးနွေးနိုင်ပြီး သက်ဆိုင်ရာ ဟောပြောသူများက live response ဖြင့် ပြန်လည် ဆွေးနွေးကြပါမည်။

၆။  Conference Certificate ပေးအပ်ချီးမြှင့်မည်

အစီအစဉ်အစအဆုံး တက်ကြွစွာတက်ရောက်ဆွေးနွေးသူများအား Certificate of Attendance       (e-version) ပြန်လည်ချီးမြှင့်ပါမည်။

၇။  (၂) ရက်တာကျင်းပမည့် အစီအစဉ် 

  • Online Registration: 23-Mar 9:00 AM MMT to 31-Mar 9:00 AM MMT
  • Day 1 Session: 30-Mar (9:30 AM to 12:30 PM MMT)
    • Opening Ceremony
    • “How does an organization measure the performance of its CIO/CTO?” “အဖွဲ့အစည်းတစ်ခုက မိမိ၏ CIO/CTO  စွမ်းဆောင်ရည်ကို ဘယ်လို တိုင်းတာမလဲ”
    • “Secrete Skills to Succeed”

“လိမ္မာကျွမ်းကျင်အောင်ပွဲဝင်”

  • Day 2 Session: 31-Mar (9:30 AM to 12:30 PM MMT)
    • “Opportunities & Challenges in Industry 4.0”

“နည်းပညာခေတ်၏ စိန်ခေါ်သံ”

    • “Technology Trends in 2020”

“နည်းပညာ ရေစီးကြောင်း”

    • “Transformation and Innovation to Succeed”

“ဖန်တီး တီထွင် အောင်ပွဲဝင်”

၈။  မိတ်ဖက်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအား ပူးပေါင်းပံ့ပိုးရန် ဖိတ်ခေါ် ပါသည်

ဤအစီအစဥ်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းများက အတူတကွ ပူးပေါင်း ပံ့ပိုး ကူညီနိုင်ရန် ပူးတွဲပါ Sponsorship Plan ဖြင့်လည်း ဖိတ်ခေါ်ထားပါသည်။

 

၉။  အသေးစိတ်အတွက် ဆက်သွယ်စုံစမ်းကြပါ

Online Platform သို့ဝင်ရောက်ရန် လမ်းညွှန်ချက် အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း၏ Social Media Page များတွင် ဖော်ပြထားပါမည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ်                 ၀၁-၆၅၂၂၇၆၊ အီးမေးလ် – [email protected] သို့ ဆက်သွယ်ပေးရန် ဖိတ်ခေါ်ပါသည်။