မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ “IT Passport Examination” အကြောင်း ဟောပြောပွဲကျင်းပမည်။

June 8, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ “IT Passport Examination” အကြောင်း ဟောပြောပွဲကျင်းပမည်။

Events

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုး တက်ရေးအတွက် ITPEC စာမေးပွဲအမျိုးအစားအသစ်ဖြစ်သော IT Passport Examination အကြောင်း ဟောပြောပွဲကို ၂ဝ၁ဝ ပြည့် နှစ်၊ ဒီဇင်ဘာလ (၁၄) ရက် (အင်္ဂါနေ့) နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်၊ အခန်းအမှတ် (၂ဝ၅) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးဟောပြောပွဲသည် IT skill and knowledge တိုးတက်လိုသူများ၊ IT Industry တွင် Professional အဖြစ်အသက်မွေးဝမ်းကြောင်းပြုနေ/ လိုသူများ၊ IT Manager များ၊ (၇) နိုင်ငံအသိအမှတ်ပြု Information Technology နှင့် Information System Strategy ကို နားလည်ရန်လိုသော လုပ်ငန်းများမှ Manager များတက်ရောက်သင့်သော ဟောပြောပွဲ ဖြစ်ပါသည်။
ITPEC Exam အမျိုးအစားအသစ်ဖြစ်သော IT Passport Exam နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဂျပန်နိုင်ငံ Technofer Ltd. မှ တာဝန်ရှိသူများမှ လာရောက်ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ Company/ Training School မှ တက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ ဦးရေကန့်သတ်ထားပါသဖြင့် ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာအင်ဖိုတက်ခ်၊ အဆောင်(၁) ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံး၊ ဖုန်းနံပါတ် ၆၅၂၃၀၇ နှင့် အဆောင်(၄)၊ အခန်း(၄) ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံး၊ ဖုန်းနံပါတ် ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Event Type:
Seminar
Event Date:
Tuesday, December 14, 2010 – 15:30 to 17:30