သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပလျှက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် (၂၆-၁၀-၂၀၂၅) တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် (၅၀၄) ဦးနှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် (၈၆၂) ဦး နှင့် Applied Information Technology Engineer Examination (AP) စာမေးပွဲတွင် (၁၅) ဦး ဝင်ရောက်ဖြေဆို ခဲ့ကြပါသည်။


























